ကရသူရိမြို့၌ မွေးကင်းစမှအသက် (၂)နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရသူရိမြို့၌ မွေးကင်းစမှအသက် (၂)နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံခြင်း ဆောင်ရွက်


MNP ၊  ဩဂုတ်  ၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးတိုက်ကျွေး/ ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ ဆောင်ရွက်ခြင်းကို ကရသူရိမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ မွေးကင်းစမှ အသက်(၂) နှစ်အောက် ကလေးသူငယ်များကို ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ဦးနှောက်အမြှေးရောင်ရောဂါ စသည့် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ဝက်သက်ဂျိုက်သိုး၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ ဆောင်ရွက်ပြီး ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်လ ၃ရက်နေ့မှ ၆ ရက်နေ့ထိ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)