လှည်းကူးမြို့နယ် ဘိုးရင်ကလေးကျေးရွာတွင် ကလေးငယ်များအား မျက်စိအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှည်းကူးမြို့နယ် ဘိုးရင်ကလေးကျေးရွာတွင် ကလေးငယ်များအား မျက်စိအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်



MNP ၊  ဩဂုတ်  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက်ကလေးငယ်များအား မျက်စိအားဆေးနှင့်အသက်(၂)နှစ်မှ (၅)နှစ်အထိကလေးငယ်များအား သံချဆေးများတိုက်ကျွေးခြင်းလုပ်ငန်းကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ဘိုးရင်ကလေးကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၆)လမှ(၅)နှစ်အောက် ကလေးငယ်(၂၅၆)ဦးတို့အား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ မျက်စိအားဆေးတိုက်ကျွေးခြင်းနှင့် အသက်(၂)နှစ်မှ(၅)နှစ်အထိ ကလေးငယ်(၁၈၈)ဦးအား သံချဆေးများ တိုက်ကျွေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။


အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။


အေးအေးနွဲ့

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)