MNP ၊ ဩဂုတ် ၁၂
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့်သွေးလွန်တုပ်ကွေးနှင့် အခြားဖြစ်ပွားတတ်သည့် ရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဖုံး၊ သွန်၊ လဲ၊ စစ်၊အဘိတ်ဆေးခပ်ခြင်းကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မြို့မရပ်ကွက်နှင့်မြို့သစ်ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်လူနေအိမ်များရှိ ပိုးလောက်လန်းပေါက်ပွား စေနိုင်သောရေတွင်း၊ရေလှောင်ကန်၊ ဘုရားပန်းအိုး၊ရေအိုးများ၊တာရာအဟောင်း များတွင် ခြင်ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့်အဘိတ်ဆေးများခတ်ခြင်းများဆောင်ရွက်ပြီး ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးနှင့်အခြားဖြစ်ပွားတတ်သည့်ရောဂါများ မဖြစ်ပေါ်စေရန် ပြည်သူများအား ကျန်းမာရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost





No comments:
Post a Comment