လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပ သော ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့) အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်းပွဲနှင့် ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပ သော ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့) အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်းပွဲနှင့် ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ



MNP ၊ ဩဂုတ် ၁

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသော ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့) အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲနှင့် ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ် အသင်းများနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အာရုံခံ တန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးနှင့် နံ့သာတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီး၏ အထက်ပစ္စယံရှိ ပတ္တမြား မျက်ရှင်တော် ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ အရုဏ်ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ နံ့သာနှင့် ရွှေကြာသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)