တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)သို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)သို့ တက်ရောက်






MNP ၊  ဩဂုတ်  ၄

တနင်္သာရီတိုင်းဒေသကြီး၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ၊ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းမှာရှိသော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို နိုင်ငံရေး၊ စီးပွားရေးဦးတည်ချက်များ၊ MSME ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီတို့ ကချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ် ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးရေးအနေဖြင့် ရာဘာလုပ်ငန်းများတွင် ယခင်က အဆင့်(၁)(၂)ဖြင့် လုပ်ဆောင်နိုင်သောကြောင့် နိုင်ငံခြားသို့ တင်ပို့သည့်အခါတွင် ကုန်ကြမ်းအဖြစ်သာ ပို့၍ရကြောင်း၊  ယခုအခါတွင် ရာဘာစက်ရုံများ ပေါ်လာပြီး နည်းပညာများဖြင့် ပြုလုပ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လာသည့်အတွက် နိုင်ငံခြားက လက်ခံနိုင်သော အဆင့်ရှိလာကြောင်း၊ စိုက်ပျိုးရေးတွင် ရာဘာ၊ ဆီအုန်း၊ ကွမ်းသီး ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ဧက(၄ သိန်း)ကျော်ရှိပြီး ဆီကြမ်း တန်ချိန် အများအပြားထွက်ရှိသည့်အတွက် လုံလောက်သော အနေအထားရှိကာ ဆီကြမ်းထွက်ပြီးဆီချောစက်ရုံ မရှိသောကြောင့် တိုင်းဒေသကြီးအနေဖြင့် ဆီဖူလုံမှုရာခိုင်နှုန်း (၀.၂၅)သာရှိကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး အတွက်  အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်းပြီး ဆီချောစက်ရုံတည်ဆောက်နိုင်ရန် ကြိုးစား ဆောင်ရွက် လျက်ရှိကြောင်း၊  ကုန်သည်များက  တရုတ်နိုင်ငံရှိ ဆီချောစက်ရုံသို့ သွားရောက်၍ကြည့်ရှုပြီး ယခင်က တရက်ကို(၁၀) တန်ကျစက်ရုံတည်ဆောက်ရန် အကြမ်းဖျင်း ရည်ရွယ်ထားပြီး ပိဿာအနေဖြင့် (၆၀၀၀)ခန့်ရှိကြောင်း၊ ကုန်ကျမှုတွင် ကွာဟမှုနည်းပါးသည့်အတွက် ၁၀ တန်အစား တန်၂၀  စက်ရုံတည်ဆောက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပိဿာအနေဖြင့် (၁၂၀၀၀)ရှိသည့်အတွက် တိုင်းဒေသကြိးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊  မွေးမြူရေးအနေဖြင့် တိုင်းဒေသကြီးတွင်ငါး၊ ပုဇွန်၊ ဂဏန်းများသည်ဒေသအတွင်း အဆင်ပြေလျက်ရှိပြီး ပုဇွန်မွေးမြူရေးတွင် ကန်(၂၅၀)ခန့်၊ ဧကအနေဖြင့်(၂၀၀၀)ကျော်ရှိကြောင်း၊ တိုင်းဒေသကြီးတွင်မျှော်မှန်းချက် အနေဖြင့် ပုဇွန်မွေးမြူရေးကို အားထားရမည်ဖြစ်၍ အရင်းအနှီးများပြီး အမြတ်ငွေလည်းများကြောင်း၊ ပုဇွန်မွေးမြူရေးတွင် လျှပ်စစ်ဓာတ်အား သည်အရေးကြီးသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပုဇွန်မွေးမြူရေးတွင် ပုဇွန်သား‌ပေါက် ဝယ်ယူရရှိသည့်အတွက် အဆင်ပြေကြောင်း၊ မကြာခင်ကာလအတွင်း ပုဇွန်သား‌ပေါက်နှင့်အစာ ထုတ်လုပ်မည့် ကိစ္စရပ်များအား ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါတွင် ဂျင်းခရုမွေးမြူရေးသည် အောင်မြင်လာသည့်အတွက် အထူးသဖြင့် အကျိုးအမြတ် ရရှိမှုများပြားကြောင်း၊ တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ၊ ဥက္ကဋ္ဌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက ဒေသတစ်ခု၊  ထုတ်ကုန်တစ်ခု၊ One Region One Product ထုတ်လုပ်ဖော်ဆောင်နိုင်ရေးစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး တွဲဖက်အတွင်းရေးမှူးက တိုင်းဒေသကြီး MSME အေဂျင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ MSME ဗဟိုကော်မတီ/လုပ်ငန်းကော်မတီ(၁/၂၀၂၃)မှ ဆုံးဖြတ်ချက်များ၊ လမ်းညွှန်မှာကြားချက်များနှင့် OROP  စီမံချက်မူကြမ်းအား ရှင်းလင်းဆွေးနွေးပြောကြားသည်။


ဆက်လက်၍ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက် ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


ကျော်ကျော်လတ်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)