ပွင့်ဖြူမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား မြန်မာ့ရိုးရာခြင်းလုံး အမျိုးသား (၄)ပေါက်တန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား မြန်မာ့ရိုးရာခြင်းလုံး အမျိုးသား (၄)ပေါက်တန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊  ဩဂုတ်  ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြန်မာ့ရိုးရာခြင်းလုံး အမျိုးသား(၄)ပေါက်တန်း ခြင်းအလှခတ် အားကစားနည်းပြိုင်ပွဲကို ယမန်နေ့က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မြန်မာ့ရိုးရာခြင်းလုံး အမျိုးသား(၄)ပေါက်တန်း ခြင်းအလှခတ်နည်း အားကစားပြိုင်ပွဲကို မြို့နယ်အတွင်း လူငယ်မောင်မယ်များ အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး ၊ ထူးချွန်ထက်မြက်သော ခြင်းလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားလှုပ်ရှားမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရကာ ယင်းပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ မြန်မာ့ရိုးရာခြင်း အားကစားဝါသနာရှင် ပြိုင်ပွဲဝင်အသင်း(၅)သင်းက အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် ပထမဆုအား ရှောက်တောအသင်းကလည်းကောင်း၊ ဒုတိယဆုအား ပွင့်ဖြူမြို့မအသင်းကလည်းကောင်း၊ တတိယဆုအား ရွှေညီကိုအသင်းကလည်းကောင်း ဆုများအသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ မြန်မာ့ရိုးရာ အမျိုးသား(၄)ပေါက်တန်း ခြင်းအလှခတ်အားကစားပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အားကစာနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်နှင့်ဝန်ထမ်းများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် လူငယ်မောင်မယ်များကို ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ဘောလုံးအားကစားနည်း၊ ပိုက်ကျော်ခြင်း အားကစားနည်း၊ စားပွဲတင်တင်းနစ်အားကစားနည်း၊ စစ်တုရင်အားကစားနည်း၊ ပြေးခုံပစ်အားကစားနည်း စသည့် အားကစားနည်းများကို စနစ်တကျ သင်ကြားပို့ချပေးပြီး ပြိုင်ပွဲများ စီစဉ်ကျင်းပ ပြုလုပ်လျက်ရှိသည့်အပြင် ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ကျောင်းတွင်းအားကစား ပြိုင်ပွဲများစီစဉ်ကျင်းပပေးခြင်း၊ အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ နယ်လှည့်ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)