Pages

Pages

သာယာဝတီမြို့တွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်း နေအိမ်များအား ထောက်ပံ့ငွေများပေးအပ်




MNP ၊  ဩဂုတ်  ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် မြစ်မခမြစ်ကမ်းပြိုကျနေမှုကြောင့် ကြိုတင်ဖျက်သိမ်း နေအိမ်များအတွက် ယမန်နေ့နံနက် ၁၁ နာရီက ထောက်ပံ့ငွေများသွားရောက်ပေးအပ်ခဲ့သည်။


ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက မြစ်မခမြစ်ကမ်းပြိုကျနေမှုကြောင့် စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာမှ ကြိုတင်ဖျက်သိမ်းနေအိမ် (၄)လုံးအတွက် ပြောင်းရွှေ့စရိတ်(၄)သိန်းကျပ်၊ လူဦးရေ (၂၄)ဦး အတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၅၀၄၀၀)ကျပ်၊ စုစုပေါင်း(၄၅၀၄၀၀)ကျပ်တို့အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သန့်ဇော်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق