လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်





MNP ၊  ဩဂုတ်  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား လိုအပ်သော အာဟာရဓာတ်များပြည့်ဝစွာရရှိစေရန်နှင့် ကူးစက် ရောဂါတို့မှ ကာကွယ်နိုင်ရန်အတွက် လအလိုက် ထိုးနှံရမည့် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင်ရှိသော ကလေးငယ်များအနေဖြင့် မိခင်နို့ကို အပြည့်အဝရရှိခြင်း၊ လိုအပ်သော အာဟာရ များကိုရရှိခြင်း၊  ကူးစက်ရောဂါတို့မှ ကြိုတင်ကာကွယ်ခြင်းတို့ကို  အသိပညာပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးငယ်များအနေဖြင့် ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊မေးခိုင်ရောဂါ၊အသည်းရောင် အသားဝါဘီ ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလိုယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် လအလိုက် ထိုးနှံရမည့် ကာကွယ်ဆေးများကို ထိုးနှံခြင်း/ တိုက်ကျွေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စောဒိ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)