မအူပင် ဩဂုတ် ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပုဏ္ဏမာရာမ ဈေးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဩသဓါဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မအူပင်မြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများဖြစ်ကြသည့် သိုက်ကုန်းကျေးရွာအုပ်စု သာသနဓဇ ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တ ဉာဏဒီပ၊ မအူပင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မာရုံရွှေကျင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစိန္တာမဏိ၊ အမှတ်(၄) ရပ်ကွက်ရှိ မြို့လယ်ကျောင်းတိုက်ဆရာတော် အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တလက္ခဏ၊ အမှတ်(၁၁)ရပ်ကွက်ရှိ နန္ဒာရုံကျောင်းတိုက် ပဓာန နာယကဆရာတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇာဂရ၊ အမှတ်(၁၁)ရပ်ကွက်ရှိ မှန်ပင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရနှင့် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒမာလာ အရှင်သူမြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အမှတ်(၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်း၊ နံ့သာများ ကပ်လှူကြည်ညိုပူဇော်ပြီး မြေငလျင်ဒဏ်ကြောင့် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုကာ လိုအပ်သည်များမှာကြား၍ စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
Myanmar National Post

ليست هناك تعليقات:
إرسال تعليق