Pages

Pages

ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(သပြေကုန်း)၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ



MNP ၊  ဩဂုတ်  ၂၉

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (သပြေကုန်း)၌ ကျန်းမာရေးဦးစီးဌာနမှ အသက် (၉) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) ဒေါ်နွယ်နွယ်စိုး၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုး ကျန်းမာရေး ဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာမများပူးပေါင်း၍ အ.ထ.ကခွဲ (သပြေကုန်း)မှ ကျောင်းသူ (၉၂) ဦး၊ မူလွန်(သပြေတန်း)မှ ကျောင်းသူ (၄၉) ဦး၊ အ.ထ.ကခွဲ (ရေပြာ)မှ ကျောင်းသူ (၇၂) ဦး၊ စုစုပေါင်း (၂၁၃) ဦးတို့အား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV=Human. Peppiloma Virus) များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


သန်းသန်းနွယ်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق