Pages

Pages

လဟယ်မြို့နယ်လုံးဆိုင်ရာ (၂၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း



MNP ၊  ဩဂုတ်  ၂

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လဟယ်မြို့နယ်လုံးဆိုင်ရာ (၂၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် (၉)နာရီအချိန်လဟယ်မြို့ သာသနပါလဓမ္မဘိမာန်တော်၌ ကျင်းပပါသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး လဟယ်မြို့နယ် ဗဟိုသာသနာပြု ခေါင်း‌ဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ မြို့နယ်သံဃနာရက အကြိုးတော်ဆောင် ဗဟိုဆရာတော်ဘဒ္ဒန္တသုမန၊ (သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလဓမ္မာစရိယ B.A-Buddhism) အရှင်သူမြတ်ထံမှ (၅)ပါးသီလခံယူဆောက်တည်ကြပါသည်။


ထို့နောက် ကြွရောက်လာကြကုန်သော တရားနာပရိတ်သတ်များမှ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတော်တို့နှင့် လှူဒါန်းဆက်ကပ် ပူဇော်ကြပြီးဆရာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်အားနာယူ ကြပါသည်။ ဆက်လက်ပြီး ကန်တော့ပွဲနှင့်လှူဖွယ် ၀တ္ထူများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက ဆက်ကပ်လှူဒါန်းပါသည်။


ဆက်လက်ပြီး (၂၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းများကို ဆရာတော်အရှင်သူမြတ်များထံ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြပြီး လှူ‌ဒါန်းမှုအစုစုတို့အတွက် ရေစက်ချ တရားချီးမြှင့်ပြီး အခမ်းအနားကိုဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုတ်သိမ်းကြောင်းသိရသည်။


အဆိုပါ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် သံဃာတော် (၄၇)ပါး၊ သံမဏေ(၁၀၃)ပါး၊ သီလရှင်(၄၇)ပါး စုစုပေါင်(၁၉၇)ပါးအား သင်္ကန်း(၁၂၉)စုံ စုစုပေါင်းတန်ဘိုးငွေ (၇၄၅၀၀၀၀)သိန်းအား ဆက်ကပ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق