Pages

Pages

ရမ်းဗြဲမြို့၌ ဝါဆိုလပြည့် (ဓမ္မစကြာ)နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ပြည်သူများ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အေးချမ်းစွာ ဥပုဒ်သီလ ဆောက်တည်လျှက်ရှိ





MNP ၊ သြဂုတ်  ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်  (ဓမ္မစကြာ)နေ့တွင် ပြည်သူများသည် မိမိတို့၏ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်တော်မူကြသော ဆရာတော်ကြီးများထံမှ ငါးပါးသီလများ၊ နိဗ္ဗန်ရောက်ကြောင်းတရားတော်များ၊  အဆုံးအမသြဝါဒများကို   ခံယူဆောက်တည်တော်မူကြပြီး ရဟန်း၊  သံဃာတော်များအား  ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကာ အေးချမ်းစွာ ဥပုဒ်သီလ ဆောက်တည်လျှက် ရှိကြောင်း သိရှိရသည်။


ထို့နောက် မိမိတို့ ရပ်ကွက်အတွင်းရှိ စေတနာရှင် ပြည်သူများမှ လှူဒါန်းထားကြသော ဆွမ်း၊ ဝါဆိုသင်္ကန်းများ၊ နဝကံမ အလှူငွေများနှင့် လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်ကြီးနှင့် သံဃာတော်များအား ဆွမ်း ဘောစဥ်အာဟာရများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး စေတနာရှင် ပြည်သူများမှ လှူဒါန်းထားကြသော ဆွမ်း ဘောစဥ်အာဟာရများကို ဥပုဒ်သီလ ဆောက်တည်ရန် ရောက်ရှိလာကြသော ပြည်သူများအား ရပ်ကွက်အတွင်းရှိ လူပျို/အပျိုများမှ ကျွေးမွေးလှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق