Pages

Pages

ရွှေသောင်ယံမြို့တွင် ဝါဆိုပန်းကပ်လှူပူဇော်ခြင်း အခမ်းအနားများကျင်းပ



MNP ၊  ဩဂုတ်  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့ ညနေပိုင်းက ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီး၌ ဝါဆိုပန်းကပ်ခြင်း အခမ်းအနားများကို ကျင်းပပြုလုပ် ကြသည်။


ထိုသို့ ဝါဆိုပန်းများကပ်လှူပူဇော်ကြရာတွင် ရွှေသောင်ယံမြို့၌ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းတိုက်များ၌ မြန်မာ့ ရိုးရာထုံးထမ်းစဉ်လာနှင့်အညီ ပြုလုပ်ကြပြီး လူငယ်များမှ မနက်ပိုင်းတွင် ဝါဆိုပန်းရှာဖွေ၍ ညနေပိုင်းတွင် မိမိတို့နှစ်သက်ရာ ဘုန်းတော်ကြီး ကျောင်းများ၌ ဝါဆိုပန်းများ ကပ်လှူပူဇော်ကြသည်။


ထိုသို့ ကပ်လှူပူဇော်ကြသည့်အခါ ကျောင်းရှိ ဆရာတော်များမှ ငါးပါးသီလပေး၍ ဝါဆိုပန်းများ ကပ်လှူပူဇော်ရခြင်း အကျိုးတရားများ ဟောကြားပေးကာ ကုသိုလ်အဖို့ကို ရေစက်ချအမျှဝေကြသည်။


ဆက်လက်၍ ကျောင်းတိုက်များ အသီးသီးရှိ သံဃာတော်များမှ ဝါဆိုခြင်းကိစ္စအဝဝတို့ကို ပြုလုပ်၍ ဝါဆိုပန်းလာရောက်ကပ်ကြသော ကုသိုလ် ရှင်များအား စားသောက်ဖွယ်ရာများဖြင့် စတုဒိသာကျွေးမွေး၍ မြန်မာ့ယဉ်ကျေးမှုပွဲတော်များကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق