Pages

Pages

ပေါက်တောမြို့နယ်၌ မိုးစပါး စိုက်ပျိုးပြီးစီးမှုများအား ကွင်းဆင်းစစ်ဆေး






MNP ၊  ဩဂုတ်  ၃

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဥ်၍ ရှင်းလင်းတင်ပြပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည့်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် သဝင်ချောင်းကျေးရွာရှိ တောင်သူ ဦးအောင်ကျော်ဝင်း လယ်သို့ သွားရောက်ပြီး မိုးစပါး စိုက်ပျိုးပြီးစီးမှုများအား  လှည့်လည်ကြည့်ရှုအားပေးကြသည်။


 ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် သဝင်ချောင်းကျေးရွာသို့်ရောက်ရှိကြကာ ကျေးရွာသူ ကျေးရွာသားများ နှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးကြ၍ အဝတ်အထည်များအား ကျေးရွာ သူ ကျေးရွာသား လက်ဝယ်ရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق