Pages

Pages

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၅)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့အခမ်းအနားကျင်းပ







MNP ၊ ဩဂုတ် ၂

ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော် မြတ်စွယ်တော်တိုက်၌ ဝါဆိုလပြည့်(ဗုဒ္ဓနေ့) ယမန်နေ့ က  (၁၅)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က "နမောတဿ ဗုဒ္ဓပဏာမဂါထာတော်"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။


ထို့နောက် ဩဝါဒစရိယဆရာတော်ကြီးများက မေတ္တသုတ်အစရှိသော ပရိတ်တရားတော်မြတ်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ပေးတော်မူကြပြီး ရွှေဆံတော်ဂေါပကအဖွဲ့ဝင် ဦးကြင်စိန်က ဓမ္မစကြာအခါတော်နေ့အခမ်းအနားကျင်းပရခြင်းအကြောင်း လျှောက်ထားတင်ပြ သည်။


ယင်းနောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဩဝါဒါစရိယဆရာတော်ကြီး(၉)ပါးထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုနှင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရွာဘဲတောင်ပေါ်ကျောင်းတိုက်ဆရာတော်ကြီးက အနုမောဒနာတရားချီးမြှင့်တော်မူကာ ဝေနေယျသတ္တဝါ အပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေကြသည်။


ဆက်လက်၍ ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပွဲကျင်းပရာ ပြည်မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာဝတ်အသင်းအဖွဲ့များက ဓမ္မစကြာဒေသနာတော်ကို ပါဠိတော်ဖြင့် စုပေါင်းရွတ်ဆိုပူဇော်ကြသည်။ ပြည်ရွှေဆံတော် စေတီတာ်မြတ်ကြီး၌ ဓမ္မစကြာဒေသနာတော် ရွတ်ဆိုပူဇော်ခြင်းကို  ဝါတွင်းသုံးလတာကာလပါတ်လုံး  ဝတ်သင်းပေါင်း ၈၂ဖွဲ့ဖြင့် ရက် ၉၀ကြာ နေ့စဉ် နံနက်တိုင်းအလှည့်ကျ ရွတ်ဆိုပူဇော်ကြမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူများထံမှသိရသည်။


ကိုဆက်

#MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق