ဗန်းမော်မြို့တွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်မြို့တွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ



MNP ၊  ဩဂုတ်  ၄                                      

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်မြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမ၌ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ထုလွမ်က အဖွင့်အမှာစကား ပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာ ဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊ မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးများကို သိရှိနားလည် လာစေပြီး “ရှောင်လေဝေးဝေးမူးယစ်ဆေး” ဟူသောဆောင်ပုဒ်နှင့် အညီ လိုက်နာကျင့်သုံးတတ် စေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်း များ ရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ် စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ကျော်ထွန်းက  ဦးဆောင်ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည့် Grade-9 ကျောင်းသူ မအေမီမီကိုက လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-10 ကျောင်းသား မောင်ရဲထက်ကျော်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူမနန်းရွှေတလွှာက လူငယ်နှင့် ပညာရေး ခေါင်းစဉ်တို့ဖြင့်လည်းကောင်း  ဦးဆောင်ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။      


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)