ကျန်းမာရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်


MNP ၊ ဩဂုတ် ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပသည်။

အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဦးဝင်းဖေ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ ကျန်းမာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၅၈ ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၈၄ ဦး တက်ရောက်ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။

Myanmar Electronic Voting Machine(MEVM) စက်ကို အသုံးပြုဆောင်ရွက်ခြင်းဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်များကို လျင်မြန်စေမည်ဖြစ်ပြီး မဲရလဒ်များကို အချိန်တိုအတွင်း ရေတွက်နိုင်မည်ဖြစ်သည်။

စက်အသုံးပြုရန် လျှပ်စစ်မီးမလိုအပ်ဘဲ 12 V 7.0 Ah ဘက်ထရီနှစ်လုံးကိုသာ ထည့်သွင်းအသုံးပြုရခြင်းဖြစ်ပြီး ဝန်ကြီးဌာနများ၌ လက်ရှိဆောင်ရွက်လျက်ရှိသော ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများတွင် အသုံးပြုလျက်ရှိသော MEVM စက်အတွင်း ထည့်သွင်းအသုံးပြုထားသည့် ဘက်ထရီသည် အားအပြည့်ဖြည့်သွင်းထားပါက ရက်သတ္တတစ်ပတ်အတွင်းဝန်ကြီးဌာန ၁၀ ခုမှ အရာထမ်း/အမှုထမ်းပေါင်း ၂၂၁၅ ဦး စမ်းသပ်မဲပေးပြီးသော်လည်း ဆက်လက်အသုံးပြုနိုင်သေးကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အားကုန်ခဲ့ပါကလည်း အရန်ဘက်ထရီဖြင့် အလွယ်တကူလဲလှယ်အသုံးပြုနိုင်ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)