Pages

Pages

ငါးသိုင်းချောင်းမြို့ သရက်ချောင်းကျေးရွာအုပ်စု သရက်ချောင်းကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်(၁)လုံးလဲကျ


MNP ၊  ဩဂုတ်  ၃

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ သရက်ချောင်းကျေးရွာအုပ်စု သရက်ချောင်းကျေးရွာတွင်တွင် ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြာင့် လူနေအိမ် (၁)လုံး ပေါ်သို့ မကျည်းပင်လဲကျမှု့ဖြစ်ပွားကြောင်း သိရသည်။


အဆိုပါ မိုးရွာသွန်းပြီးလေပြင်းတိုက်ခိုက်မှုကြောင့် သရက်ချောင်းကျေးရွာရှိ ဦးကျော်မင်းအောင် ပိုင်ဆိုင်သည့် ဓနိမိုး၊ ထရံကာ  လူနေအိမ်(၁)လုံး ပေါ်သို့ မကျည်းပင်လဲကျမှုဖြစ်ပြီး ၎င်းနေအိမ်မှာ ပျက်စီးသွားခဲ့၍ မိသားစုများအား တာဝန်ရှိသူများက နီးစပ်ရာ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ နေရာချထားပေးခဲ့၍ လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လေပြင်းတိုက်ခိုက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق