ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ အကျဉ်းသား (၅၆) ဦး ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ အကျဉ်းသား (၅၆) ဦး ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်ရရှိ



MNP ၊ သြဂုတ်  ၂

ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ ဝါဆိုလပြည့် အဘိဓ္မာအခါတော်နေ့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဇော်လွင်၊ သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ထိန်လင်း၊ အမှတ် (၂၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူး မင်းဇော်ဦး၊ နေပြည်တော်အချုပ်ထောင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်၊ နေပြည်တော်ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကို၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (စုံစမ်းရေး) ဦးခင်သန်း၊ မြို့နယ်မီးသတ်ဒုတိယဦးစီးမှူး ဦးအောင်သူနှင့် နေပြည်တော်အချုပ်ထောင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ  ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဥ်းသား ၅၆ ဦးအား အကျဉ်းဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးမျိုးဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဇော်လွင်၊ နေပြည်တော်အချုပ်ထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်တို့မှ ဆုံးမသြဝါဒ အမှာစကားပြောကြားခဲ့ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ  ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး လွတ်ငြိမ်းခွင့်ရ အကျဥ်းသားများအား‌ စားစရိတ်လုပ်အားခ၊ ခရီးစရိတ်နှင့် လုပ်အားရှင်ခံစားခွင့်ငွေ စုစုပေါင်း (၁၄၂၈၆၉၀) ကျပ်အားပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ကားဂိတ်များသို့ လိုက်လံပို့ဆောင်၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။


ဟိန်းသူအောင် 

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)