Pages

Pages

ရွှေတောင်မြို့နယ် တွင်ဌာနဆိုင်ရာအကြီးအကဲများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ ဇူလိုင် ၂၉     

ပဲခူး တိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်ကအဖွင့်အမှာစကား​ပြောကြားပြီး ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များ အား ထပ်ဆင့် ရှင်းလင်းခြင်း၊ မိမိတို့၏ ဌာနအလိုက် လစဥ် ပုံမှန်ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ရွှေတောင်မြို့နယ် အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက်ပုံမှန်လုပ်ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်မှ လိုအပ်သည်များ ကို ညှိနှိုင်း ပေါင်းစပ်ပေးခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق