နမ့်စန်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ



MNP ၊  ဩဂုတ်  ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


(၁၈)နှစ်အောက် အမျိုးသားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အ.ထ.က(နမ့်စန်)ဘောလုံး အသင်းနှင့် အ.ထ.က-ခွဲ (၅ရပ်ကွက်)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က -ခွဲ(၅ရပ်ကွက်) အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။


ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီးပြိုင်ပွဲနေရာအလိုက် အကောင်းဆုံး ဆုရ အားကစားသမားများကို ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်းက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသားပြိုင်ပွဲနေရာအလိုက် အကောင်းဆုံးဆုရ အားကစားသမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသော အ.ထ.က(နမ့်စန်) ဘောလုံးအသင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော အ.ထ.က(ခိုလန်) ဘောလုံးအသင်းတို့ကို အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်းတို့က တစ်ဦးချင်းဆုဆွဲပြားများနှင့် ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကောင်းမြတ်ကိုယ်ပိုင်အထက်တန်း ကျောင်း ဘောလုံးအသင်းကို နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အ.ထ.က(နမ့်စန်) ဘောလုံးအသင်းတို့ကို နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်တို့က တစ်ဦးချင်း ဆုဆွဲပြားများနှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးသွားသော အ.ထ.ကမ-ခွဲ(၅ရပ်ကွက်) ဘောလုံး အသင်းကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၏ဇနီး ဒေါ်ချိုနွယ်ဦးက တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ဆုငွေ (၃)သိန်းကျပ်နှင့် ဒုတိယဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသားပြိုင်ပွဲတွင်  ပထမဆုဆွတ်ခူးသွားသော အ.ထ.က-ခွဲ (၅ရပ်ကွက်) ဘောလုံးအသင်းကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ဆုငွေ (၅)သိန်းကျပ်နှင့် ပထမဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သူရအောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)