မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိူးသား/အမျိူးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိူးသား/အမျိူးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊  ဩဂုတ်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်၂၅ နှစ်အောက် အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်း ထူးချွန်သော အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်များအားကစားလိုက်စားခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်သော လူငယ်လူရွယ်များ ဖြစ်လာစေရေး၊ (၄) မြို့နယ် ပြိုင်ပွဲဝင်အသင်းသားများမှ အားကစားသမား အချင်းချင်း  ချစ်ကြည် ရင်းနှီးမှုရရှိလာစေရန်နှင့် ခရိုင်အဆင့်လက်ရွေးစင်၊ တိုင်းအဆင့် လက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင် စသည့်ဖြင့် ထူးချွန်ထက်မြတ်တဲ့ အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လက်စေရန်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိစေရန်အတွက် ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ပြိုင်ပွဲဝင်အသင်းသားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ကို ရွတ်ဆိုခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။


ယင်းနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ  မိတ္ထီလာအသင်းနှင့် သာစည်အသင်းတို့ ယှဉ်ပြိုင်မှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးကျော်စိုးနိုင်နှင့်  ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ၂၀၂၃ ခုနှစ်၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ကို ခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများဖြင့် သြဂုတ်လ ၂၆ ရက်နေမှ ၂၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)