ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ





MNP ၊ သြဂုတ် ၁

၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)ယနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များ အတွက် မင်္ဂလာ ရှိသောဘာသာရေးနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့်အခါအားလျော်စွာ ထားဝယ်မြို့၏အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင်ယနေ့နံနက်ပိုင်း၌ ကုသိုလ်ကောင်းမှုပြုကြသူ များ ဖြင့် စည်ကားလျက် ရှိသည်ကိုတွေ့ရှိရသည်။ 


ဝါဆိုလပြည့်နေ့တွင် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိ သန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုး ပြာဋိကိုပြသတော်မူခြင်းဟူသောထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ဖြစ်ကြောင်း သိရသည်။ 


ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်ပြီး တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှ စ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့၌ ဗုဒ္ဓဘာသာ ဝင်များက ဘုရားကျောင်းကန်များသို့သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းများပြုခဲ့ကြပြီးဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုခဲ့သည်။


ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ နှင့် ဘုရားဖူးလာပြည်သူများက ရွှေတောင်စားစေတီတော်မြတ်ကြီး အား ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ကြပြီး ဘုရားဖူးလာသူများက အဓိဋ္ဌာန် ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့်ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 


ငွေဇင်ယော်(ထားဝယ်)

#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)