Pages

Pages

အရန်ဆန်များ ဈေးကွက်အတွင်းသို့ ထုတ်ရောင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊  ဩဂုတ်  ၃

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စီစဉ်စုဆောင်းထားသော အရန်ဆန်များအား ဈေးကွက်ပေါက်ဈေးအောက်တွင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ထုတ်ရောင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်အထွေထွေအတွင်းရေးမှူးအပါအ၀င် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်းချုပ်၏ ဆန်ပြည်ပတင်ပို့မှုဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ပြည်ပဆန်တင်ပို့နေသည့် Exporter ကုမ္ပဏီကြီးများ ပါဝင်တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုအရ သိုလှောင်ထားပြီးသော အရန်ဆန်များကို သက်သာသောဈေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေးခြင်း၊ လုပ်သားပြည်သူများသို့ ဆန်ကုန်စည်ဒိုင်များ၊ စည်ပင်သာယာဈေးအရောင်းဆိုင်များမှတစ်ဆင့် ရောင်းချပေးခြင်းအစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အသင်းချုပ်မှ(၂၈-၇-၂၀၂၃)ရက်နေ့က ထုတ်ပြန်ကြေညာထားသော ဆန်အိတ်(၅၀,၀၀၀)(Well Milled, Polished & Sortexed) ၂၅% အဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀)ကျပ်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦးစတင်ရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။


အောင်မြင့်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق