Pages

Pages

ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး



MNP ၊  ဩဂုတ်  ၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင် ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥသုံးလုံးပါ စားသောက်ကုန်များကို ငွေကျပ် ၃၀၀၀ ဖြင့်ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ အိမ်ထောင်စု ၂၀၀ အား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။


အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များအား မြို့ပေါ်ဈေးများ၌ အပတ်စဉ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


မျိုးဝင်းညို

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق