အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေး


MNP ၊  ဩဂုတ်  ၃

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာနက တိုင်းဒေသကြီး ပြည်နယ်ခရိုင် မြို့နယ်များရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လစဉ်လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ဩဂုတ် ၃ ရက်က ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံ ထောက်ပံ့ငွေများ လွှဲပြောင်း‌ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ငွေများကို မြို့ပေါ်ငါးရပ်ကွက်နှင့် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူ များက ရပ်ကွက်ကျေးရွာအတွင်း သက်ရှိထင်ရှား နေထိုင်လျှက်ရှိသော အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၂၂၀ ဦးတို့အား  တစ်ဦးလျှင် ထောက်ပံ့ငွေ သုံးသောင်းကျပ်နှုန်း လက်ဝယ် အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။


သန်းသန်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)