Pages

Pages

မြန်မာ - ဒူဘိုင်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးမြှင့်သွားနိုင်ရေး ဆွေးနွေး


MNP ၊ သြဂုတ် ၂

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဒူဘိုင်းမြို့မှ ကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံ ဦးမိုးထက်ကျော် သည် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Mutaz Abdulla Abduljaleel Al Faheem နှင့် ၁-၈-၂၀၂၃ ရက်နေ့က Virtual စနစ်ဖြင့်တွေ့ဆုံခဲ့ပြီး  မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ၊ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းခဲ့ရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Mutaz Abdulla Abduljaleel Al Faheem ကလည်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးမြှင့်သွားနိုင်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق