သမားရိုးကျထုတ်ကုန်များ သာမက ထုတ်ကုန်သစ်များကို နည်းပညာသစ်များ အသုံးချထုတ်လုပ်နိုင်ရန် နည်းပညာများ ဖြန့်ဝေပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သမားရိုးကျထုတ်ကုန်များ သာမက ထုတ်ကုန်သစ်များကို နည်းပညာသစ်များ အသုံးချထုတ်လုပ်နိုင်ရန် နည်းပညာများ ဖြန့်ဝေပေး


MNP ၊ ဩဂုတ် ၂၇

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံ ကိန်း ၂၀၂၀ ဖြင့် MSMEများအား စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာများ ပြန်လည်ဖြန့်ဝေရေး အစီအစဉ်(၂) ဒုတိယနေ့ကို ၂၅-၈-၂၀၂၃ ရက်နေ့က သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ်ကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ စားသောက်ကုန်များကို နိုင်ငံတကာအဆင့်မီနည်းပညာများအသုံးချ၍ အရည်အသွေးမြင့်မားပြီး စံချိန်စံညွှန်းပြည့်မီစွာ စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်နိုင်စေရန်၊ အာဆီယံထုတ်ကုန်များအတိုင်း ထုတ်ကုန်သစ်များတိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ MSME လုပ်ငန်းရှင် ၁၀၀ ထံ မဲခေါင်-လန်ချန်း နည်းပညာဖလှယ်၍ ရရှိထားသောစားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသစ်ခြောက်မျိုးနှင့် စံချိန်စံညွှန်းဆိုင်ရာ အသိပညာများကို မျှဝေပေးမည် ဖြစ်သည်။

ထို့နောက် စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကိုကျင်းပရာ ဒုတိယဝန်ကြီးက အမျိုးသားရေးရည်မှန်းချက်များဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာ ဖူလုံရေးကိုအောင်မြင်အောင် ဆောင်ရွက်ရန်ကြွယ်ဝသည့် ရေ၊ မြေအရင်းအမြစ်များမှ စိုက်ပျိုး ရေးထွက်ကုန်များကို ပြည်တွင်းတွင်ဖူလုံရုံမျှမက နိုင်ငံတကာဈေးကွက်၌ ထိုးဖောက်နေရာယူနိုင်သည်အထိ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ရေးအတွက် စားသောက် ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းများအတိုင်း Market Competency ရှိစွာ ပို့ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပံ့ပိုးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ သမားရိုးကျထုတ်ကုန်များ သာမက ထုတ်ကုန်သစ်များကို နည်းပညာသစ်များ အသုံးချထုတ်လုပ်နိုင်ရန် ယခုကဲ့သို့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ လေ့လာသင်ယူခဲ့သည်များကို ဆင့်ပွားဖြန့်ဝေပေးရန်၊ လုပ်ငန်းအစဉ်တိုးတက်မှုရှိ စေရေးနှင့်ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရန်၊ MSME များမှ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးလိုအပ်သည့် သုတေသနနှင့်နည်းပညာများ၊ စံချိန်စံညွှန်းဆိုင်ရာအသိပညာများကို ဆက်လက်ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ယင်းနောက် ဒုတိယဝန်ကြီးက သင်ယူပြီးမြောက်ခြင်း လက်မှတ်များကို MSME လုပ်ငန်း ရှင်များထံပေးအပ်ပြီး မြိတ်မြို့နှင့် ပြည်မြို့တို့မှ MSME လုပ်ငန်းရှင်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)