ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်








MNP ၊ ဩဂုတ် ၂၆

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MV Mercury Force သင်္ဘောသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့မှပေးပို့သည့် ၁၀ မီတာ ကွန်ကရစ်မီးတိုင် (၁၅၁၇)လုံး၊ ၉ မီတာ ကွန်ကရစ်မီးတိုင် (၁၃၅၅) လုံး စုစုပေါင်း (၁၉၄၂ ဒသမ ၄၆) တန်ကို လည်း ကောင်း၊ MV Weru Pack Kha သင်္ဘောသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာတို့မှပေးပို့သည့် ဆန် ၂၄ ပြည်ဝင် အိတ်(၃၅၀၀၀) ၊ ဒေါင့်သံချောင်းတန် (၄၀၀) ၊ ဖလန်းသံပြားချောင်းတန် (၂၀) ၊ စားသောက်ကုန် (၂) တန် စုစုပေါင်း (၂၁၇၁ ဒသမ ၅၉) တန်ကိုလည်းကောင်း အသီးသီးတင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှစစ်တွေမြို့သို့ထွက်ခွာသွားသည်။


ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ၁၆ ရက်မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များအပါအဝင် ရေယာဉ်အစီး(၃၀)ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့်ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း (၄၀၃၉၂ ဒသမ ၀၃) တန်နှင့် ဒီဇယ် (၂၄၉,၇၆၂)ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံတို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)