၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ




MNP ၊  ဩဂုတ်  ၂၉

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ၂၈-၈-၂၀၂၃ ရက်နေ့ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ နေပြည်တော်အသင်းနှင့် ကယားပြည်နယ်အသင်းတို့က  တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားခဲ့ကြသည်။


ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို (၄) ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ နေပြည်တော်အသင်းက ကယားပြည်နယ် အသင်းကို (၆) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ် (၇) မအင်ကြင်းခိုင်နှင့် နေပြည်တော်အသင်းမှ ကျောနံပါတ်(၁၁) မဝင်းစန္ဒာတို့ ရရှိခဲ့ကြသည်။


အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား ရှမ်းပြည်နယ် ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်ကြီးနှင့် တောင်ကြီးတက္ကသိုလ် နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းဦးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် (၂၉.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစား‌ကြမည်ဖြစ်ကြောင်း သိရသည်။


စိုင်းသန်းကျော်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)