သာစည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။  


ဖွင့်ပွဲ အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောရာတွင် နိုင်ငံတော်အနေနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားတိုးတက်မြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ ထိရောက်အောင်မြင်စေရေးအတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ လူထုအားကစားလှုပ်ရှားမှုများနှင့် အားကစားပညာပေး ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဆိုတဲ့ မျော်မှန်းချက်၊ ရည်မှန်းချက်များအတွက် မြို့နယ်တွင်း အားကစားပြိုင်ပွဲများ စီမံချက်များ ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုများ ရရှိမှာဖြစ်ကြောင်းတို့ကို ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုသည်။ ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် လှိုင်းတက်ကျေးရွာအသင်းနှင့် ပေါက်တောကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားရာ လှိုင်းတက် ကျေးရွာအသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၈ သင်းကို အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဩဂုတ် ၇ ရက်နေ့တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးအရာရှိ ဦးဝင်းထွန်းဦးနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။      


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)