ရွှေတောင်မြို့နယ်တွင် အသက် (၂၅)နှစ် အောက် အမျိုးသားအမျိုးသမီး လက်ဝှေ့အားကစားပြိုင်ပွဲ အတွက် လေ့ကျင့်ရေးများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အသက် (၂၅)နှစ် အောက် အမျိုးသားအမျိုးသမီး လက်ဝှေ့အားကစားပြိုင်ပွဲ အတွက် လေ့ကျင့်ရေးများ ဆောင်ရွက်





MNP ၊  ဩဂုတ်  ၂၉

‌ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး အနေဖြင့် မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများအား ပုံမှန် လေ့ကျင့်ရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


၂၀၂၃-ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲအတွက် ပဲခူးတိုင်းဒေသကြီး (အနောက်) ရှိမြို့နယ်များမှ ကစားသမား (၁၀)ဦးအား ဩဂုတ်လ ၂၅ ရက်နေ့က ပြည်ခရိုင်အားကစားကွင်း၌ လူရွေးချယ်ပွဲကို ကျင်းပခဲ့ရာ ရွှေတောင်မြို့နယ်မှ မောင်ကောင်းမြတ်မွှေး(၅၄)ကီလိုတန်းနှင့် မောင်စိုင်းကိုကိုအောင် (၅၇)ကီလိုတန်း နှစ်ဦးရွေးချယ်ခံရကြောင်း သိရသည်။


အဆိုပါ အားကစားသမားနှစ်ဦးအား ရွှေတောင်မြို့နယ် အားကစားကွင်းတွင် တိုင်းဒေသကြီး ကိုယ်စားပြု ရွေးချယ်ခံနိုင်ရေး နေ့စဉ် ပုံမှန် လေ့ကျင့်ရေးများ ဆက်လက် ဆောင်ရွက်နေကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)