ဟင်္သာတ တက္ကသိုလ် အနုပညာအသင်းမှကြီးမှူး၍ မုတ်သုံရနံ့ အဆိုပြိုင်ပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတ တက္ကသိုလ် အနုပညာအသင်းမှကြီးမှူး၍ မုတ်သုံရနံ့ အဆိုပြိုင်ပွဲ ကျင်းပပြုလုပ်



MNP ၊  ဩဂုတ်  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင်၊ ဘွဲနှင်းသဘင်ခန်းမ၌ တက္ကသိုလ်အနုပညာအသင်းမှကြီးမှူးကျင်းပသော မုတ်သုံရနံအဆိုပြိုင်ပွဲကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေ၊ ဒုတိယပါမောက္ခချုပ်(သင်တန်းရေးရာ) ဒေါက်တာ အေးလွင်၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာ ရီရီသန့်၊ ဟင်္သာတတက္ကသိုလ် ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့် တက်ရောက်ခဲ့​ကြသည်။


အဆိုပါ ပြိုင်ပွဲတွင်ဒုတိယပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအေးလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မုတ်သုံရနံအဆိုပြိုင်ပွဲတွင် ဒိုင်ချုပ်အဖြစ်တာဝန်ယူဆောင်ရွက်မည့် ဟင်္သာတတက္ကသိုလ် မြန်မာစာဌာနမှူး ပါမောက္ခဒေါက်တာ အိအိခင်မှ အမှတ်ပေး စည်းမျဉ်း စည်းကမ်းးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဟင်္သာတတက္ကသိုလ် အနုပညာ အသင်းဝင်ကျောင်းသားများမှ မြကျွန်းညိုညိုသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ မုတ်သုံရနံ အဆိုင်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့် ဟင်္သာတမြို့နယ် ဂီတအစည်းအရုံးမှ အတွင်းရေးမှူး ဦးကြည်မြ၊ ဟင်္သာတတက္ကသိုလ် ရူပဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ လဲ့လဲ့အောင်၊ ဒဿနိကဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ သက်သက်မြင့်၊ သင်္ချာဌာနမှ ပါမောက္ခ ဒေါက်တာ ဆွေဆွေယု၊ ဟင်္သာတ ဂီတအစည်းအရုံးမှ ဂီတမှူး ဦးကျော်ဇေယျထွန်း တို့အား ပြိုင်ပွဲဝင်ကျောင်းသား/သူ များနှင့် မိတ်ဆက်ပေးခြင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆိုပြိုင်ပွဲဝင် သီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ကြခြင်း၊ ခေတ်ပေါ်တေးသီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြပြီး ဆုပေးပွဲတွင် အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း၊ အဆိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ ရရှိခဲ့ကြသော ပြိုင်ပွဲဝင်ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)