MNP ၊ ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မိုးညိုတန်းရပ်ကွက်၊ မိုးညိုတန်းလမ်းတွင် လယ်ယာသုံးကိရိယာ ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးအောင်ကြည်စိုး၏ တောင်သူအကျိုးပြု လယ်ယာသုံးကိရိယာများ ထုတ်လုပ်နေမှုအားကြည့်ရှုကာ တောင်သူများဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ပြီး အရည်အသွေးကောင်းမွန်သော လယ်ယာသုံးပစ္စည်းများ ထုတ်လုပ်သွားရန်မှာကြားခဲ့ပြီး ဦးအောင်ကြည်စိုးမှ လက်ရှိလုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အောင်သူ
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق