Pages

Pages

နမ့်စန်တွင် မြို့နယ် အား/ကာ ကော်မတီဥက္ကဋ္ဌ ဖလား(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပမည်



MNP ၊  ဩဂုတ်  ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား(၂)ယောက်တွဲနှင့် (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ဩဂုတ်လ(၁၀)ရက်နေ့၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်မည့် ကစားသမားများသည်(၃)ယောက်တွဲပြိုင်ပွဲတွင် ကစားသမားစုစုပေါင်း(၅)ဦးဖြင့် ဖွဲ့စည်းခွင့်ပြုမည်ဖြစ်ပြီး (၂၅)နှစ်အောက် အနည်းဆုံး(၃)ဦး ပါဝင်ရမည်ဖြစ်ကာ (၂)ယောက်တွဲ ပြိုင်ပွဲတွင် ကစားသမား(၃)ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကာ (၂၅)နှစ်အောက် အနည်းဆုံး(၂)ဦး ပါဝင်ဖွဲ့စည်းရမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။


ကျိုင်းတုံမြို့တွင် ကျင်းပမည့် အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းတွင် နမ့်စန်မြို့နယ် ကိုယ်စားပြုအသင်း ရွေးချယ်အောင်နိုင်ရေးအတွက် အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကို ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပိုက်ကျော်ခြင်း အားကစားသမားများအနေဖြင့် မြို့နယ်အား/ကာရုံးတွင် ဩဂုတ်လ ၇ ရက် နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။


သူရအောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق