ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်လှစ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်လှစ်ပေး





MNP ၊ သြဂုတ် ၃

နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂ ရက် ညနေ ၂ နာရီခွဲက အဆိုပါ တက္ကသိုလ်အတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။


အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ယခုပညာသင်နှစ်တွင် ကြက်တောင်နှင့် ပိုက်ကျော်ခြင်းအားကစားနည်း (၂) မျိုး ထပ်တိုး ပါဝင်လာသောကြောင့် ကျောင်းသား/ကျောင်းသူများသည် အားကစားတွင် စိတ်ဝင်တစား ရှိလာကြသည်ကို ဝမ်းမြောက်စွာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုပြိုင်ပွဲများတွင် အားကစားသမား ကောင်းတစ်ယောက်တွင် ရှိရမည့် ဇွဲ၊ စိတ်ဓာတ်ကို အရင်းခံ၍ မိမိတို့၏ မူလပန်းတိုင်ဖြစ်သည့် အင်ဂျင်နီယာကောင်းများဖြစ်လာရန် လိုအပ်သကဲ့သို့ ဘက်စုံထူးချွန်ပြီး နိုင်ငံတော်က အားထားရသည့် အင်ဂျင်နီယာကောင်းများ ဖြစ်လာစေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာမင်းမင်းဦးက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ် ဝန်ကြီးနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က အားကစားပြိုင်ပွဲ များအတွက် အားကစားအထောက်အကူပြုပစ္စည်းများ၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေး ရှင်းဥက္ကဋ္ဌ၊ အကြီးကိုကို (ကသာ)က တက္ကသိုလ်စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထို့နောက် ဒုတိယပါမောက္ခချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်များ အထက်မြန်မာပြည်ဇုံ အုပ်စု ၃ (က)အသင်းတွင် ရွေးချယ်ခံရပြီး ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်နိုင်သော လက်ရွေးစင်ကစားသမားများနှင့် ၂၀၂၃ ခုနှစ်  ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ် များဘောလုံးပြိုင်ပွဲတွင် ဝန်ကြီးဌာန၏ ဘောလုံးအသင်းအတွက် လက်ရွေးစင်ဘောလုံးသမားအဖြစ် ထပ်မံရွေးချယ်ခံရသည့် ကျောင်းသား(၅)ဦးတို့အား ဂုဏ်ပြုလက်မှတ်များကို ပေးအပ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက်၊ အားကစား အသင်းများမှ နည်းပြနှင့်ကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ မိုးရာသီးအားကစားပြိုင်ပွဲများကို တက္ကသိုလ် မေဂျာ(၄)ခုမှ အားကစားနည်းအလိုက် အမျိုးသား/အမျိုးသမီး အသင်းများက သြဂုတ် ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အထက်မြန်မာပြည် (နည်းပညာတက္ကသိုလ်)များ အားကစားပြိုင်ပွဲများအတွက် လက်ရွေးစင်အသင်းများကို ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားလေဆိပ် အရေးကြီးပုဂ္ဂိုလ် နားနေဆောင်(၂)၌ အမိုးမျက်နှာကြက်ပျက်ဆီးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည် ပြင်ဆင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)