သရက်မြို့၌ ကျေးလက်တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ ကျေးလက်တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်



MNP ၊  ဩဂုတ်  ၂၆

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကဖွင့်လှစ်သည့် ကျေးလက်တိရစ္ဆာန်သင်တန်းဖွင့်ပွဲ အမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ရာ ကျေးရွာအုပ်စု(၂၀)မှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့သည်။


အဆိုပါ သင်တန်းတွင် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားရာမှာ ကျေးလက်နေ တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး လူမှုစီးပွား ဘဝတိုးတက်လာစေမည့် ကျေးလက်တိရစ္ဆာန် ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်ခြင်းအား မွေးမြူရေးနင့်ကုသရေးဦးစီးဌာနမှ အရံအင်အားအဖြစ် တည်ရှိနေရမည်ဖြစ်ပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ကြီးကြပ်မှုအောက်တွင် တိရစ္ဆာန်ကောင်ရေ  စာရင်းကောက်ယူရာတွင် လည်းကောင်း၊ တိရစ္ဆာန်များ ကူးစက်ရောဂါ မကျရောက်စေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံရာတွင် လည်းကောင်း၊ ကူးစက်ရောဂါ ဖြစ်ပွါးပါက ကြိုတင်သတင်းရယူမှု အားကောင်းစေပြီး ကာကွယ်မှုအတွက် လက်ဦးမှုရရှိစေရန် ဌာနအတွင်းရှိ ဆရာ/ဆရာမများ၏ လမ်းညွန်မှုခံယူပြီး စဉ်ဆက်မပြတ် စေတနာတာဝန်ကို ထမ်းဆောင်ရမည်သူများသာဖြစ်ပါကြောင်း ပြောကြားပေးခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာညိုဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းသားများ စည်းကမ်းချက်များနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။


ထို့နောက် သင်တန်းသားခေါင်းဆောင်များအား တိရစ္ဆာန်ကုသဆေး၊ ပိုးသတ်ဆေးများအား တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြသည်။  အဆိုပါ သင်တန်းကို (၃)ရက် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)