Pages

Pages

တရုတ် ရတနာကုန်သည်များက မြန်မာ့ပုလဲ အရည်အသွေး ကောင်းမွန်မှုကို အထူးကြိုက်နှစ်သက်ကာ ဈေးကောင်းပေးဝယ်ယူ






MNP ၊ သြဂုတ် ၃

တရုတ်နိုင်ငံ၏ ရတနာဈေးကွက်သို့ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် တောင်ပင်လယ်ပုလဲ (Myanmar South Sea Pearl) များကို တင်ဒါစနစ်ဖြင့် မိတ်ဆက်ရောင်းချနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကွမ်တုန်းပြည်နယ်၊ ရှန်းကျန့်မြို့၌ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါပွဲကို မြန်မာနိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် South Asia Future Investment Group ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ရှန်းကျန့်မြို့၊ လိုဟူမြို့နယ်၊ ပြည်သူ့ ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ Mr. Lu Yaoming၊ ရှန်းကျန့်မြို့၊ ရွှေနှင့် ကျောက်မျက်ရတနာလုပ်ငန်း အသင်းဥက္ကဋ္ဌ  Mr. Huang Zhiyang နှင့် Shenzhen International Jewelry and Jade  Exchange ဥက္ကဋ္ဌ Mr. Qi Peng နှင့် ပုလဲရောင်းချပွဲ တာဝန်ရှိသူများ၊ ကုမ္ပဏီများမှ ဖိတ်ကြား ထားသည့် ဧည့်သည်များနှင့် ပုလဲကုန်သည်များ တက်ရောက်ခဲ့ကြပါသည်။ 


ဖွင့်ပွဲအခမ်းအနား၌ လိုဟူမြို့နယ်၊ ပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ Mr. Lu Yaoming၊ ရွှေနှင့် ကျောက်မျက်ရတနာ လုပ်ငန်းအသင်းဥက္ကဋ္ဌ  Mr. Huang Zhiyang၊ Shenzhen International Jewelry and Jade  Exchange ဥက္ကဋ္ဌ Mr. Qi Peng၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။


ပုလဲရောင်းချပွဲအတွင်း မြန်မာ့တောင်ပင်လယ်ပုလဲ မိတ်ဆက်ဗွီဒီယိုကို ပြသခဲ့ပြီးနောက် မြန်မာကောင်စစ်ဝန်ချုပ် နှင့် တာဝန်ရှိသူများက လာရောက်ဝယ်ယူကြသည့် လုပ်ငန်းရှင်များ၊ ကုန်သည်များအား ခင်မင်ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ကာ မြန်မာ့ပုလဲအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ယခုနှစ် အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာ့ကျောက်မျက်နှင့် ပုလဲပြပွဲသို့ လာရောက်လေ့လာဝယ်ယူနိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။


မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲသို့ ရှန်းကျန့်၊ ကျူကျို၊ စန့်ဟိုင်၊ ပေကျင်း၊ ဟန်ကျိုး၊ ကျဲ့ကျန်း၊ ဟောင်ကောင်စသည့် တရုတ်နိုင်ငံ၊ ပြည်နယ် (၈)ခုနှင့် မွန်ဂိုလီးယားနိုင်ငံမှ စုစုပေါင်း ကုန်သည်အဖွဲ့ (၆၁)ဖွဲ့နှင့် ကုန်သည် (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ မြန်မာ့ပုလဲ အရည်အသွေး ကောင်းမွန်မှုကို အထူးကြိုက်နှစ်သက်ကာ ဈေးကောင်းပေးဝယ်ယူခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق