မန့်ဟီးရိုးမြို့၊ ရဲစခန်းမိသားစု စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန့်ဟီးရိုးမြို့၊ ရဲစခန်းမိသားစု စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ



MNP ၊  ဩဂုတ်  ၂

ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်၍ မြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့ရဲစခန်းမှူး ဦးဝင်းမြင့် ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက် (၉း၃၀) အချိန်က ရဲစခန်းမိသားစုများ စုပေါင်း၍ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြပါသည်။


ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်လာသော မန့်ဟီးရိုးမြို့၊ ရဲစခန်းမှူး ဦးဝင်းမြင့်နှင့်တကွ ရဲစခန်းအတွင်းရှိ မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့ရပ်မိရပ်ဖများက ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပါသည်။ ထို့နောက် မန့်ဟီးရိုးမြို့၊ ဟိုလွမ်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တော်မူခဲ့ကြပြီး ရဟန်းအရှင်သူမြတ်တို့အား ဆွမ်းနှင့်သင်္ကန်းကပ်လှူ ပူဇော်ရခြင်း၏ အကျိုးကျေးဇူးများ၊ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို နာကြားခံယူတော်မူခဲ့ကြပါသည်။


ဆက်လက်ပြီး ရဲစခန်းမှူးနှင့် မိသားစုဝင်များ၊ ရဲတပ်သားမိသားစုဝင်များက ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များကို သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ကပ်လှူပူဇော်ခဲ့ကြပြီး နေဆွမ်း၊ သစ်သီးနှင့် အချိုရည်တို့ကို ဆက်ကပ်ပူဇော်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)