ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP ၊  ဩဂုတ်  ၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် သက်နှင်းအင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သက်နှင်းကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။


အခမ်အနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ဇင်ဝါထွန်းနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုချုပ်ရေးမှူး ဦးဝင်းဘိုနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဒေါ်ဇင်ဝါထွန်းက နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့်ကိုင်ဆောင်သူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မှသာ နိုင်ငံသားအခွင့်အရေးကို ပြည့်ပြည့်ဝဝရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ်အထက်ရှိသူ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ထွန်းလင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)