Pages

Pages

ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဗိုလ်ချုပ်ကြီး မြထွန်းဦး တာဝန်အပြောင်းအလဲဖြစ်


MNP ၊ သြဂုတ် ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ကိုထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကို ပြောင်းလဲထမ်းဆောင်မည် ဖြစ်သည်။

ယခင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ထမ်းဆောင်မည်ဖြစ်သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခို သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق