သထုံမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး






MNP ၊  ဩဂုတ်  ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အခြေခံလူတန်းစားပြည်သူများသက်သာချောင်ချိပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်း၍ ယနေ့၊ နံနက် ၇ နာရီအချိန်ခန့်မှစတင်ကာ ဘင်လှိုင်ရပ်ကွက်ရှိ ဖိုးခွားကြီးဆန်စက်၌ အများပြည်သူတို့အား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးခဲ့ကြောင်း သိရသည်။


အများပြည်သူ သက်သာချောင်ချိရေးအတွက် ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀၀ ကျပ် နှုန်း ဖြင့် အခြေခံလူတန်းစားများအား လူတစ်ဦးလျှင် (၁)ပြည်မှ (၃) ပြည်ထိ  ရောင်းချပေးခဲ့ကြောင်း တစ်ရက်လျှင် (၂၄) ပြည်ဝင် အိတ်ရေ(၅၀) ခန့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။


ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ထောက်ပံ့ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး အခြေခံလူတန်းစား ပြည်သူများက တပျော်တပါး လာရောက်ဝယ်ယူခဲ့ကြသည်။


မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ဆန်စပါးကုန်သည်များအသင်းတို့အနေဖြင့် အခြေခံလူတန်းစားပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးခြင်းကို ယခင်က မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် သထုံမြို့မဈေးအရှေ့၌ အပတ်စဉ် စနေ၊ တနင်္ဂနွေ နှစ်ရက် ပုံမှန် ရောင်းချပေးလျှက်ရှိပြီး ယခုအခါ ကျန်ရက်များကိုထပ်တိုးကာ ရပ်ကွက်များအလိုက် အလှည့်ကျ သက်ဆိုင်ရာ ဆန်စက်ကြီးများနှင့် သတ်မှတ်နေရာများ၌ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)