Pages

Pages

အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ပြုလုပ်





MNP ၊  ဩဂုတ်  ၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည် ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ EP Workshop တွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနားကို စာပေနှင့် အနုပညာအသင်းမှ ကျောင်းသား၊ကျောင်းသူများက မဟာဂရုဏာတော်သီချင်းအား သီဆိုဖျော်ဖြေ ဖွင့်လှစ်ပြီး အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ကျောင်းအုပ်ကြီး ဒေါက်တာ အောင်မွန်မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၃ ခုနှစ် အတွင်း ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဌာနမှူးများ၊ ဆရာ၊ဆရာမများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများမှ တက်ရောက်လာသူများကို ရခိုင်ရိုးရာယိမ်းအက အလှများဖြင့် ကပြဖျော်ဖြေပေးကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ကျောင်းသူများ အထဲမှ သစ်လွင်မောင်နှင့် သစ်လွင်မယ်တို့အား စိစစ်ရွေးချယ်ပြီး တာဝန်ရှိသူများမှ အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق