Pages

Pages

နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ (အပိုင်း-၁) သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ


MNP ၊ ဩဂုတ် ၂၇

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ (International Public Sector Accounting Standards – IPSASs) (အပိုင်း-၁) သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ပါမောက္ခ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခဒေါက်တာခင်နိုင်ဦးက ခိုင်မာအားကောင်းသည့် ပြည်သူ့ဘဏ္ဍာရေးစနစ် ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူပြုစေရန်နှင့်စာရင်းပညာ ပြန့်ပွားစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် နိုင်ငံပိုင်ကဏ္ဍ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ ရည်ရွယ်ချက်နှင့်မူဘောင်များ၊ ဘဏ္ဍာရေးရှင်းတမ်းများတွင် ပါဝင်ဖော်ပြရမည့် သတင်းအချက်အလက် များနှင့် ရေးဆွဲတင်ပြရာတွင်လိုက်နာရမည့် စံသတ်မှတ်ချက်များစသည့် စာရင်းပညာဆိုင်ရာ ဗဟုသုတများကိုသင်ကြားပို့ချပေးခဲ့ကြောင်း၊ ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲ တင်ပြခြင်း၊ စိစစ်ခြင်းတို့တွင် ပွင့်လင်းမြင်သာ၍ ပိုမိုပြည့်စုံခိုင်မာသည့် အချက်အလက်များဖြင့် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ နိုင်ငံပိုင် ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ (စေ့ရောက်မှု အခြေခံ)(IPSASs- Accrual Basic)သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှလေ့လာသင်ယူမှုများကို မိမိတို့၏ လုပ်ငန်းနယ်ပယ်အသီးသီးတွင် လက်တွေ့ပြန်လည် အသုံးချခြင်း၊ ဆင့်ပွားမျှဝေပေးခြင်းတို့ဖြင့် နိုင်ငံနှင့်ဌာနအကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


အဆိုပါသင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးအဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ဩဂုတ် ၂၆ ရက်အထိ အပတ်စဉ်စနေနေ့တိုင်း ရက်သတ္တ ၂၇ ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ၄၁ ဦးနှင့်အခြားဝန်ကြီးဌာနများမှ ၅၅ ဦး စုစုပေါင်းသင်တန်းသား ၉၆ ဦး တက်ရောက် ပြီးမြောက်ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق