Pages

Pages

ပေါက်တောမြို့၌ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစေရန် ရေယာဥ်များကို စစ်ဆေး






MNP ၊  ဩဂုတ်  ၃

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ဆိပ်ကမ်းမှ ထွက်ခွာမည့် ခရီးသည်ရေယာဥ်များအား ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ စစ်ဆေးကြသည်။


ထို့သို့ စစ်ဆေးရာတွင် ရေယာဥ်များပေါ်တွင် သတ်မှတ်ခရီးသည်နှင့် အညီ အသက်ကယ်အကင်္ျီများ လုံးလောက်စွာပါဝင်ခြင်း ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဘူးများပါဝင်ခြင်းရှိ/မရှိတို့ကို စစ်ဆေးကြပြီး အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပေးကြသည်။


အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိန်ကျော်လှိုင် ဦးဆောင်ရွက် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ကြကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost












ليست هناك تعليقات:

إرسال تعليق