Pages

Pages

ဒဂုံ(ဆိပ်ကမ်း)မြို့နယ် တွင် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ


MNP ၊ သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ (၈၉) ရပ်ကွက်၊ သလ္လာဝတီ(ကျူး)ဈေးလမ်း၊ အမှတ်မရှိနေအိမ်တွင် ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် ဖမ်းဆီးရမိတရားခံ UGဝင်းဌေး(ခ) ဘစီ၏ ထွက်ဆိုချက်အရ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်၊ သလ္လာဝတီ(ကျူး)ဈေးလမ်း၊ အမှတ်မရှိနေအိမ်နေ သိန်းဇော်ဝင်း(ခ)ကျောက်တုံးကြီး၏နေအိမ်၌ လက်နက်ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ပူးပေါင်းလုံခြုံရေးအဖွဲ့များဖြင့် အဆိုပါနေအိမ်သိုဝင်ရောက်ရှာဖွေခဲ့ရာ သိန်းဇော်ဝင်းနှင့် ၎င်း၏မိသားစုများအားတွေ့ရှိရခြင်းမရှိဘဲ လက်နက်ခဲယမ်းများ ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမား သိန်းဇော်ဝင်း၏ နေအိမ် မီးဖိုချောင်အတွင်းရှိ မြေအောက် ၂ပေခန့်၌ ပလတ်စတစ်ပုံးဖြင့် မြှုပ်နှံထားသော FCG-9 MK-IIသေနတ် ၄လက်၊ ၎င်းကျည်အိမ် ၈ ခု၊ ၉ မမကျည် ၉၈တောင့်၊ ၅.၅၆ မမကျည် ၁၃၈တောင့်၊ ၄၀မမ ဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ လျှပ်စစ်ဒီတိုနီတာ ၄ချောင်း၊ Remote Receiver ၁၅၀ ခု၊ လက်လုပ်မိုင်း ၃လုံး၊ C-4ယမ်းချောင်း ၃ ချောင်း၊ ဓာတ်ခဲ ၇ လုံးတိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق