Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ဟိန္ဒူဘာသာရေးအဖွဲ့ခွဲရုံးဖွင့်လှစ်





MNP ၊ သြဂုတ်  ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ၊ မြို့နယ် ဟိန္ဒူ ဘာသာ ရေး အဖွဲ့ခွဲရုံးကို ယမန်နေ့ နံနက် ၉ နာရီအချိန်  မြို့မအရှေ့ရပ်ကွက်  ၊ မြို့မဟိန္ဒူဘုရားကျောင်းတွင် အောက် ထပ်တွင် ဖွင့်လှစ်ခဲ့သည်။


  ရှေးဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ၊ မောင်တောမြို့နယ် ဟိန္ဒူ ဘာသာရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကေရှောပ်ကုမာရ်က အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးမောင်ဇော်မာလီ (ခ)ရှူဘောန်က မြို့နယ် ဟိန္ဒူ ဘာသာရေးအဖွဲ့ခွဲရုံး ဖွင့်လှစ်ရခြင်းများ နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ဟိန္ဒူဘာသာ ရေး အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်က အဖွဲ့ခွဲရုံးတွင်  လက်ရှိဆောင်ရွက်မည့် အစီအစဉ်များ နှင့် ရှေ့ဆက် ပြုလုပ် ဆောင် ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။  အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘာ သာရေး ဗဟိုအဖွဲ့ချုပ် ၊ မောင်တောမြို့နယ် ဟိန္ဒူ ဘာသာရေးအဖွဲ့ခွဲမှ အဖွဲ့ဝင်များ ၊ ဘူးသီးတောင်မြို့နယ် ဟိန္ဒူ ဘာသာရေး အဖွဲ့ခွဲမှ အဖွဲ့ဝင်များ နှင့် မောင်တောခရိုင်အတွင်းရှိ ဟိန္ဒူဘာသာဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်  

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق