တာမိုးညဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ခုံများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမိုးညဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ခုံများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ




MNP ၊  ဩဂုတ်  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့တွင် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးဆိုင်ရာများ ဒေသခံပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဒေသရှိတပ်ရင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့၏ ပေါင်းစပ်မှုနှင့်ဒေသရှိ ပြည်သူ့စစ်တပ်ဖွဲ့များ၏ ပံ့ပိုးမှုများဖြင့် ကဏ္ဍအလိုက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ(၃-၈-၂၀၂၃)ရက်နေ့ ယနေ့နံနက်(၈း၃၀)အချိန်က အထက(တာမိုးညဲ) မီဒီယာဆောင်ခန်းတွင် မန်ဂျယ်ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ရင် ဇနီးဒေါ်မြဝင်းမိသားစုက လှူဒါန်းသော စာသင်ခုံ(၂၁)စုံအား ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ငွေကျပ်(၂၅)သိန်း တန်ဖိုးရှိစာသင်ခုံ(၂၁)စုံအား မန်ဂျယ်ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ရင် ဇနီး ဒေါ်မြဝင်းမိသားစုကိုယ်စား မန်ဂျယ်ပြည်သူ့စစ်အဖွဲ့ဝင်များက ကျောင်းအုပ်ဆရာမ ကြီးထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကျော်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မန်ဂျယ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီးအခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)