ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများနှင့် ကုသိုလ်ဒါနပြုလုပ်သူများဖြင့်စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများနှင့် ကုသိုလ်ဒါနပြုလုပ်သူများဖြင့်စည်ကား



MNP ၊ သြဂုတ်  ၁

မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာနေ့) နံနက်ပိုင်းတွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရား၊ စေတီ၊ ပုထိုးများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်သူများ၊ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနကောင်းမှုပြုကြသူများဖြင့် စည်းကားလျက်ရှိသည်၊၊ ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော် မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများတည်ရှိရာမြို့လည်းဖြစ်သောကြောင့်  ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများသည် ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများကပ်လှူခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြုကုသိုလ်ယူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘုရားဝန်းအတွင်းရောင်းချထားသော အမှတ်တရပစ္စည်းများဝယ်ယူခြင်း၊ စားသောက်ဖွယ်ရာများ ဝယ်ယူစားသောက်၍ အပန်းဖြေ အနားယူခြင်းတို့ဖြင့် အသီးသီးလာရောက် ကုသိုလ်ယူကြသည်ကို တွေ့ရသည်။


မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် ဝါဆိုလပြည့်နေ့သည်  ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့၊ တောထွက်သောမူတော်နေ့၊ ဓမ္မစကြာတရားစတင်ဟောကြားသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ပေါက်သောနေ့၊ သံဃာရတနာစတင်ပေါ်ပေါက်သောနေ့၊ ပုထုဇဉ်ခရီးမှအရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ “ဧဟိဘိက္ခု”ဟူသော စကားကို စတင်ကြားရသောနေ့စသည်ဖြင့် ထူးခြားသောနေ့တစ်နေ့ဖြစ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် တန်ခိုးကြီးဘုရားစေတီတို့တွင် ဝါဆိုသင်္ကန်းနှင့်ဝါဆို ပန်းများ ကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းတို့ကို ရှေးယခင် နှစ်ပေါင်းများစွာကပင် မြတ်ဗုဒ္ဓကို အာရုံပြုကြည်ညို၍ ဒါနကုသိုလ်ယူလေ့ရှိကြကြောင်းသိရသည်။


ဘာမီသာ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)