တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၌ Box Culvert တံတား(၃)စင်းနှင့် ကျဉ်းမြောင်းနေသည့် လမ်းပိုင်း(၂)နေရာအား တိုးချဲ့ပြီး ကတ္တရာခင်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၌ Box Culvert တံတား(၃)စင်းနှင့် ကျဉ်းမြောင်းနေသည့် လမ်းပိုင်း(၂)နေရာအား တိုးချဲ့ပြီး ကတ္တရာခင်းပေး


MNP ၊  ဩဂုတ်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေ မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌ Box Culvert တံတား (၃)စင်းနှင့် ကျဉ်းမြောင်းနေ့သည့် လမ်းပိုင်းနေရာ (၂)နေရာအားတိုးချဲ့ပြီး ကတ္တရာများခင်းပေးလျက်ရှိကြောင်း သိရသည်။


 အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလတွင် လုပ်ငန်းပြီးစီးရေး ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူပြီး အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ (၄၄.၄၅၈)ကီလိုမီတာနှင့် (၄၅.၂)ကီလိုမီတာအတွင်း လမ်းအရှည် (၀.၇၄၂)ကီလိုမီတာအား ခွင့်ပြုရန်ပုံငွေ (၁၄၀.၀၀၀)ကျပ်သန်းဖြင့် မူလ လမ်းအကျယ်(၁၂)ပေမှ (၁၈)ပေအကျယ် အထိ လည်းကောင်း၊ (၆၃.၈)ကီလိုမီတာမှ(၆၄.၃)ကီလိုမီတာအတွင်း လမ်းအရှည် (၀.၅)ကီလိုမီတာအား ခွင့်ပြုရန်ပုံငွေ (၁၂၈.၃၅၀) ကျပ်သန်းဖြင့် မူလလမ်းအကျယ်(၁၂)ပေမှ (၁၈)ပေ အကျယ်အထိ ကတ္တရာတိုးချဲ့ခင်းခြင်းနှင့် (၆၉)ကီလိုမီတာမှ (၇၀) ကီလိုမီတာအတွင်း၊ (၇၃)ကီလိုမီတာမှ(၇၄) ကီလိုမီတာအတွင်း၊ (၆၄)ကီလိုမီတာမှ (၆၅)ကီလိုမီတာအတွင်းရှိ ရေပြွန်(၃)ပြွန်အား ခွင့်ပြုရန်ပုံငွေကျပ် (၇၁.၉၄၀)ကျပ်သန်းဖြင့် (၁.၅)မီတာx(၁၂.၁၉)မီတာ Box Culvert တံတား(၃)စင်း အစားထိုး ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းမှ လိုအပ်ချက်များ ပြန်လည်ပြုပြင်ပေးခြင်းကြောင့် ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသူပြည်သူများအတွက် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများသယ်ယူရာတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်တိုအတွင်း သယ်ယူနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။     


သက်မောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)